ဒေါင်းနဲ့အတူ ဘန်ကောက်မှာပျော်နေတဲ့ ပုံလေးဝှက်တင်လိုက်တဲ့ ဝတ်မှုန်ရွှေရည်

တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အကြီးအကျယ် အားပေးဝန်းရံမှုကို ရရှိထားတဲ့ အနုပညာရှင်တွေထဲမှာတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်လည်း အပါအဝင် ဖြစ်ပါတယ်။ နတ်သမီးလေးတစ်ပါးလို လှပတဲ့ ရွှေကစ်လေးက ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေလေးနဲ့ စွဲမက်ချင်စရာ အလှတရားတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ နေရာဒေနဲ့ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့ ရွှေကစ်လေးကိုတော့ ပရိသတ်တွေအားလုံးက ဖက်ရှင်ဘုရင်မလေးလို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

ရွှေကစ်လေးက ” Fashion Queen” ဆိုတဲ့ နာမည်လေးနဲ့လိုက်အောင် ဖက်ရှင်အမြင်ရှိသူလေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာလည်း ရွှေကစ်က ဘယ်သူနဲ့မှမတူတဲ့ ပွဲတက်ဝတ်စုံလေးကို ဆင်မြန်းခဲ့ပါတယ်။ အခုလည်း ရွှေကစ်လေးက လူငယ်ဆန်ဆန် ဖက်ရှင်လေးနဲ့ စတိုင်ကျကျ လှပနေတာ တွေ့ရပါတယ်။

နိုင်ငံခြား မင်းသမီးလေးလို ဘိုဆန်ဆန်လေးလှနေတဲ့ ကစ်ရဲ့ဖက်ရှင် အပြင်အဆင်တွေကတော့ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ ရွှေကစ်ကတော့ ဒီကနေ့ “See you soon at SF Maha Chai,Bang Kapi,Bang Plee 🤗🤗🤗” ဆိုပြီးပုံလေးတွေပြောခဲ့ပါတယ်။

ပုံလေးတွေရဲ့နောက်ဆုံးမှာတော့ မင်းသားဒေါင်းနဲ့ နှစ်ယောက်အတူရိုက်ထားတဲ့ပုံလေးတင်ခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရွှေကစ်လေးရဲ့ အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ထင်မြင်ချက်လေးတွေပြောပေးခဲ့ကြပါဦးနော်။

Source: Wutt Hmone Shwe Yi

“ခရစ်စတီးနားခီ” ကို ဇာတ်ညွှန်းဆုရစေချင်တယ်ဆိုတဲ့ နေမင်း

နေမင်း ဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက အောင်မြင်တဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုလည်းရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ နေမင်းကိုနောက်ပိုင်းမှာ ဇာတ်ကားတွေအရင်ကလောက် သိပ်မတွေ့ရတော့ပေမယ့် အားပေးတဲ့ပရိသတ်တွေကတော့ ရှိနေဆဲပါပဲ။ နေမင်းက မကြာသေးမီက အင်တာဗျူးတစ်ခုမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ သူမှန်းထားခဲ့တဲ့ အကယ်ဒမီဆုတွေအကြောင်းပြောပြသွားပါတယ်။

နေမင်း ကလက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်း “အခုက ကားရိုက်တာရယ် အခြားစီးပွားရေးရယ် အဲ့လိုမျိုးပဲရှိတဲ့အခါကျတော့ ကိုယ့်ပရိသတ်တွေအတွက် ကိုယ်အားရင်ကားရိုက်တယ်။ နောက် အခုဆိုရင် ဘောလုံးအဖွဲ့ချုပ်နဲ့ပတ်သက်တာကတော့အပြင်ကကိစ္စပေါ့။ အားရင် volunteer အနေနဲ့ လူမှုရေးကိစ္စလေးတွေလိုက်လုပ်ဖြစ်တယ်။အဲ့လိုမျိုးပေါ့”လို့ ပြောပြထားပါတယ်။

နေမင်း ကသူမှန်းထားတဲ့အကယ်ဒမီဆုတွေကို “စသွားကတည်းက ကျွန်တော်က ကိုနေတိုးကိုအားပေးမယ်ဆိုပြီးသွားတာ။ ကိုသူထူးစံဆိုတော့လည်း ကိုယ့်အစ်ကိုပဲဆိုတော့ အဆင်ပြေတယ်။ တစ်ခုလေးပဲပေါ့။ ကျွန်တော် မုန်းစွဲကိုဇာတ်ကားဆုလေးရစေချင်တယ်။ မခရစ်စတီးနားကိုကျတော့ ဇာတ်ညွှန်းဆုလေးရစေချင်တယ်။ ကိုဏကြီးကိုကျတော့ costume ဆုလေးပေးမယ်လို့ ကျွန်တော့်စိတ်ထဲမှာထင်မိတယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

ဒါရိုက်တာ ဝိုင်း အကယ်ဒမီရသွားတဲ့အပေါ်မှာလည်းနေမင်းက “Dimensions ကကျတော့ နောက်ခံတေးဂီတဆုရသွားတယ်ဆိုတော့ တော်သေးတာပေါ့နော်။ ရှေ့နောက် မျှတယ်ပေါ့။ နောက်တော့မှ ကြေငြာလိုက်တဲ့အခါကျမှ ကိုဝိုင်းဆိုတော့ ..ကျွန်တော်တစ်ခုပြောချင်တာက ကျွန်တော်က ရွှေကြာရော မှော်ဝင်သမန်းကျားရော မကြည့်ထားဘူး။ မကြည့်ထားတဲ့အခါကျတော့ ကိုယ်က ကိုယ်ကြည့်ဖူးတဲ့ကားလေးကိုပဲ ဆန္ဒရှိမိတာကိုး။ ဆိုလိုတာက ကိုယ်မကြည့်ထားတဲ့ကားက အဲဒီထက်ပိုကောင်းချင်လည်းကောင်းမှာပေါ့။ လူကြီးတွေက ကိုယ့်ထက်ပိုသိတာကိုး”လို့ ဖာဖာထေးထေးလေးပြောထားပါတယ်

မုဒြာခေါ်သံနဲ့ “မီ”နဲ့ ကိုလည်း နေမင်းကဝေဖန်ထားပါသေးတယ်။ “မုဒြာခေါ်သံကိုဆိုရင်လည်းသွားကြည့်တော့ သြော်.. ဇာတ်ညွန်းလေးကောင်းတယ်ပေါ့။ ဒီလူနဲ့ချိတ်သွားတာရှိတယ်ပေါ့။ နောက်တစ်ခုကလည်း မီကျတော့လည်း ကိုဏကြီးပြင်ဆင်ထားတာ အဝတ်အစားအပြင်အဆင်မိုက်တယ်ပေါ့။ ကျွန်တော်နှစ်သက်မိတယ်။ ကြိုက်မိတယ်။ Dimensions ဆိုရင်လည်း နောက်ခံတေးဂီတပေးရင်ကောင်းမှာပဲလို့တွေးမိတယ်”လို့ ဝေဖန်ထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေမင်းနဲ့ထပ်တူကျကြလား။ ခရစ်စတီးနားခီကို ဇာတ်ညွန်းဆုရစေချင်တဲ့ နေမင်းကိုရော ဘာပြောချင်ကြလဲ။ နေမင်းရဲ့ရုပ်ရှင်တွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit to original

အေးအတူ ပူအမျှ လက်တွဲပေးခဲ့တဲ့ ခင်ပွန်းသည်ကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ကတော့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုယနေ့တိုင်သိမ်းပိုက်ရရှိထားဆဲဖြစ်တဲ့ဝါရင့်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။သူမရဲ့သီချင်းကောင်းလေးတွေကလည်းပရိသတ်ရင်ထဲကိုစွဲမြဲဝင်ရောက်ခဲ့သလို သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားကောင်းလေးတွေကလည်းယနေ့ထိတိုင်အောင်နာမည်ရအောင်မြင်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ထွန်းအိန္ဒြာဗိုလ်က ဆန်ဖရန်စစ္စကိုမှာ တစ်လတိတိ ရုပ်ရှင်သွားရောက်ရိုက်ကူးခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့သားချောလေးနဲ့အရာရာနားလည်မှုပေးနိုင်တဲ့ခင်ပွန်းသည်ကိုပိုင်ဆိုင်ထားတဲ့ထွန်းအိန္ဒြာဗိုလ်ကအေးချမ်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ဒီနေ့မတ်လ၂ရက်နေ့လေးကတော့ထွန်းအိန္ဒြာဗိုလ်ရဲ့ခင်ပွန်းသည်ဦးအောင်မင်းထွန်းရဲ့မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ဒါကြောင့်ထွန်းအိန္ဒြာဗိုလ်ကခင်ပွန်းသည်အတွက်ထူးခြားတဲ့စကားလုံးလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

ထွန်းအိန္ဒြာဗိုလ်က ” Happy birthday တရားထူး ရရှိနိုင်ပါစေ ..”ဆိုပြီးချစ်ခင်ပွန်းသည်အတွက်အမှတ်တရပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။သူမနဲ့အတူခက်ခဲကြမ်းတမ်းတဲ့ဘဝခရီးလမ်းကိုအေးအတူပူအမျှဖြတ်သန်းပေးခဲ့တဲ့ ခင်ပွန်းသည်အတွက် ထွန်းအိန္ဒြာဗိုလ်ရဲ့မွေးနေ့ဆုတောင်းစကားလေးတွေက လေးနက်ပြီး တန်ဖိုးရှိလှပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက်ထွန်းအိန္ဒြာဗိုလ်တို့ဇနီးမောင်နှံရဲ့ကြည်နူးစရာကောင်းတဲ့ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Credit to original

အကယ်ဒမီကို​ပေးရင်တော့ယူမယ် ဆိုတဲ့ မြင့်မြတ်

ကျရာဇတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်စွမ်းနဲ့သဘာဝမင်းသားလို့တောင်တင်စားခေါ်ဝေါ်လို့ရတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မြင့်မြတ်ကတော့ အကယ်ဒမီရင်ခုန်သံနဲ့ပတ်သတ်ပြီးတော့ မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတဲ့အကြောင်းတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။

အကယ်ဒမီကတော့ကြောက်စရာကြီးပါ။ ရင်မခုန်တာအကောင်းဆုံးပဲ ဘယ်သူပဲဖြစ်ဖြစ်ကျနော်ကအဲ့ဒီလိုပဲအကြံဥာဏ်ပေးချင်တယ်။ ရင်ခုန်ပြီးတော့ ပရမ်းပတာဖြစ်ရင်တော့ခံစားရမှာပဲ အဲ့ဒီလိုလေးတွေတော့ရှိတယ်။

ကျနော်ကတော့ အဲ့ဒီတော့ရင်မခုန်ဘူး။ ကားတွေတော့ရှိတာပေါ့ ငဒူတို့ဘာတို့ရှိတယ်။ ရင်တော့မခုန်ပါဘူး ဒါပေမယ့်အကဲဖြတ်လူကြီးတွေအပေါ်ပဲမူတည်ပါတယ်။ ပေးရင်တော့လည်းယူတာပေါ့ ။ အရင်နှစ်တွေလည်းမခုန်ခဲ့ဘူး ကြိုးစားရမှာကျနော်တို့အလုပ် ရတာမရတာ ပေးတာမပေးတာ အစည်းရုံးအလုပ်ပဲ(ရယ်လျက်) လို့ပြောပြသွားပါတယ်။

ထပ်ပြီးတော့လည်း “ အရမ်းမမှန်းနဲ့လို့ ။ရင်မောတယ်လေနော် ဒါသူသူကိုယ်ကိုယ်မှန်းပြီးတော့မရခဲ့လို့ရှိရင် နေရင်းထိုင်ရင်းစိတ်ဆင်းရဲရတယ်။ ဘာလုပ်မှာတုန်း အဲ့ဒီတော့ ရရင်လည်းရသွားပေါ့။ မရရင်လည်းမရလို့ပေါ့။ ဟုတ်တယ်မလား ၊ရရင်တော့ပျော်ပေါ့ ။မရရင်လည်းအေးဆေးပေါ့ ။ ငဒူက ကျနော်တို့ရွှေသောင်ယံမှာသွားရိုက်ထားတယ်လေ။

ဒါရိုက်တာက ဦးညီအောင် ပါ။ ဆိုပြီးပြောပြခဲ့ပါတယ်။ ဒီနှစ်သာ သူအကယ်ဒမီရခဲ့ရင် အရင်တစ်ခေါက်ရတုန်းကလို့ နိဂုံးချုပ်အပ်ပါတယ်ကို နိဂျုံးခုပ်အပ်ပါတယ်လို့များ မှားပြောဦးမလားရင်ခုန်စွာစောင့်ကြည့်ရဦးမှာပေါ့။ မြင့်မြတ်ကို ဒီနှစ်အကယ်ဒမီရမရလည်း ခန့်မှန်းပေးသွားပါ့ဦးနော်။

credit to original

ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်ဖို့ ကျိန်းသေသွားပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့Birthday Show ပွဲကြီး

ဧပြီလ၁၀ရက်နေ့မှာပြုလုပ်မယ့်စိုင်းစိုင်းခမ်းလှိုငရဲ့BirthdayShowကိုရန်ကုန်မြို့မှာကျင်းပသွားမယ်လို့ကြေညာလိုက်ပြီဖြစ်ပါတယ်။ပရိသတ်အချစ်တော်စိုင်းစိုင်းခမ်းလှိုင်ရဲ့BirthdayShowပွဲကြီးကိုရန်ကုန်မြို့မှာကျင်းပပြုလုပ်ဖို့ကျိန်းသေသွားပြီဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြုလုပ်မယ့် နေရာကိုလည်း စိုင်းစိုင်းက အခုလို ကြေညာမောင်းခတ်လိုက်ပါပြီ။

‘’မိတ်ဆွေများခင်ဗျား။ ၁၅ ကြိမ်မြောက် SAISAI BIRTHDAYSHOWကိုရန်ကုန်သုဝဏ္ဏဘူမိကွင်းမှာကျင်းပမှာဖြစ်ပါတယ်။ ပံ့ပိုးကူညီတဲ့ SponsorBrandတွေနဲ့အသေးစိတ်အကြောင်းအရာတွေဖျော်ဖြေရေးအစီအစဉ်တွေကိုထပ်မံကြေညာပါမယ်’’ ဆိုပြီးတော့မတ်လ၁၁ရက်နေ့ည၁၀နာရီ၉မိနစ်ကသူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာရေးသားခဲ့တာဖြစ်ပါတယ်။ဒီဖျော်ဖြေပွဲအတွက်ကိုလည်းစိုင်းစိုင်းကိုယ်တိုင်ကနေ့မနား၊ညမအားအားသွန်ခွန်စိုက်ဆောင်ရွက်နေသူပါ။ဒါကြောင့်လည်းပရိသတ်တွေကိုအချိန်မပေးနိုင်ဖြစ်ခဲ့ရတယ်လို့မတ်လ၉ရက်နေ့ကသူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာရေးသားထားတာကိုလည်းတွေ့ရပါတယ်။

‘’BirthdayShowအတွက်ဒီမနက်အစည်းအဝေးတက်ဖို့မနေ့ညကဘန်ကောက်ကိုလေယာဉ်တစ်တန်၊ရထားတစ်တန်နဲ့သွားပြီး ဒီနေ့ညနေ Taxi တစ်တန် ကားလမ်းပိတ်ပြီး နောက်ကျလို့ ရထားတစ်တန် အသားကုန်ပြေးပြီးလေယာဉ်တစ်တန်နဲ့ ပြန်လာပြီးအခုBirthdayShowအမှီပရိသတ်ကိုလက်ဆောင်ပေးနိုင်ဖို့Frenzoနဲ့အစည်းအဝေးကိုထပ်ပြေးနေတဲ့မေမေ့သားလေး။တစ်လက်စတည်းပွဲအတွက်ဒီလောက်ချာလပတ်ရမ်းအောင်လုပ်နေရတဲ့အတွက်ဘယ်ကျောင်းကိုမှမရောက်ဖြစ်တာကိုလည်း နားလည်ခွင့်လွှတ်ပါလို့ တောင်းပန်ရင်း’’ ဆိုပြီးတော့ ရေးသားထားတာပါ။

စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ဘက်မှာရော ဂီတဘက်မှာပါ အတွေ့အကြုံတွေအများကြီးရှိသူ တစ်ဦးဖြစ်ပါတယ်။BirthdayShowမှာသူ့ရဲ့ပရိသတ်တွေကိုစည်းစည်းလုံးလုံးရှိစေချင်တယ်လို့ဆိုပါတယ်။‘’ဒီနှစ်Birthday Show ကို လုပ်ဖြစ်အောင် လုပ်ပါမယ်။ ဒီနှစ်က ၁၅နှစ်ပြည့်ဖြစ်ပါတယ်။ 15Years Anniversary လုပ်မှာဖြစ်ပါတယ်။ ဒီနှစ်မွေးနေ့ကကျွန်တော့်အတွက်အင်မတန်အရေးကြီးတဲ့မွေးနေ့ဖြစ်ပါတယ်။ကျွန်တော့်သူငယ်ချင်းတွေအကုန်လုံးကိုလည်းဖိတ်မယ်။တစ်စုတစ်စည်းတည်းရှိနေစေချင်တယ်’’လို့ဇန်နဝါရီလ၃၁ရက်နေ့ည၈နာရီ၄၆မိနစ်ကသူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ Live လွှင့်ရင်းပြော ပြခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦးဖြစ်ပါတယ်။အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့စီးပွားရေးအနေနဲ့FrenzoProductionမှာလည်းဦးဆောင်သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Credit to original

ခါးနာ တာကို ယူပစ်သလို ပျောက်ကင်းစေမည့် သဘာဝ ဆေးနည်း

ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါ လည်း ဖြစ်လာ တာပေါ့။ဒီနှစ်ပိုင်းမှာ ခါးက ပိုနာ လာတယ်။ ဆေးနည်းက နက္ခတ္တ ရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။

အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ဝင်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။

အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာ နေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ။

အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေက အရေပြား ကနေ ခါးနာတဲ့ နေရာကို ဝင်သွားလို့ ဒါမှမဟုတ် ခါးနာ ဆီကနေ အာလူးက စုပ်ယူ လိုက်လို့ ပျောက်သွားတယ် ထင်တယ်။ နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်း အထင် မသေးကြနဲ့ဗျို့။

Credit : ဧကံသ