အဆိုတော်မင်းသား စိုင်းစိုင်းခမ်းလှိုင်ကတော့ အောင်မြင်မှုကို အချိန်အကြာကြီး ဆယ်စုနှစ်ကျော်ကြာတဲ့အထိ ထိန်း ထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ စိုင်းစိုင်းဟာ သူ့ရဲ့ အနုပညာကြောင့်တင်မဟုတ်ပဲ Social Skill ကြောင့် လည်း ပရိသတ်တွေကြားမှာရော မီဒီယာတွေ ကြားမှာပါ လူသိများပါတယ်။

ပရိသတ်တွေနဲ့ရော မီဒီယာတွေနဲ့ ဆက်ဆံရေးတွေမှာပါ အဖုအထစ် မရှိရလေအောင် ဖြေရှင်းနိုင်တဲ့ လေးစားလောက်တဲ့ အနုပညာရှင် တစ်ယောက်ပါ။ လူမှုဆက်ဆံရေး အရမ်းကိုကောင်းတဲ့ စိုင်းစိုင်းကိုတော့ အမျိုးသမီးပရိသတ်တွေတင်မကပဲ အမျိုးသား ပရိသတ်တွေကပါ အားပေးကြတာကို တွေ့ရပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ ဧပြီ(၁)ရက်နေ့မှာ Relationship ချိတ်လိုက်ပါတယ်။ စိုင်းစိုင်းနဲ့ Rs ချိတ် လိုက်တဲ့ သူကတော့ Victoria ဆိုတဲ့ အကောင့်ပိုင်ရှင်ပါ။ In a Relationship with Victoria ဆိုပြီး Rs ချိတ်လိုက်တာပါ။ ဒီနေ့ ဧပြီ (၁)ရက်နေ့ဟာ April Fool’s Day ပါ။ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို အရူးလုပ် စနောက်တဲ့ နေ့ပါ။စိုင်းစိုင်းတစ်ယောက် ဒီနေ့မှာ တင်လိုက်တဲ့ Rs အပေါ် ပရိသတ်တွေကတော့ ဒါဟာ April Fool လုပ်တာ ဆိုပြီး ပြောနေကြပါတယ်။

စိုင်းစိုင်းကတော့ မကြာခင်မှာ ကျင်းပတော့မယ့် သူ့ရဲ့ မွေးနေ့ပွဲ အတွက်ရော တခြားအနုပညာအလုပ်တွေကြောင့် ဒီ ရက် ပိုင်းမှာ အလုပ်တွေ အရမ်းကို များနေပါတယ်။

စိုင်းစိုင်းရဲ့ Birthday Show ကိုတော့ လာမယ့် ဧပြီ (၁၀) ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာပါ။ Show ပွဲ လက်မှတ်တွေကိုတော့ မြန်မာပလာဇာမှာ မတ်လ (၃၀) ရက်နေ့မှာ ရောင်းချခဲ့ပြီး ခန့်မှန်းထားတဲ့ ပရိသတ်အင်အားထက်ပိုပြီး လာရောက်ဝယ်ယူခဲ့တာကို တွေ့ရပါတယ်။

Source: စိုင်းစိုင်းခမ်းလှိုင်