တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အကြီးအကျယ် အားပေးဝန်းရံမှုကို ရရှိထားတဲ့ အနုပညာရှင်တွေထဲမှာတော့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်လည်း အပါအဝင် ဖြစ်ပါတယ်။ နတ်သမီးလေးတစ်ပါးလို လှပတဲ့ ရွှေကစ်လေးက ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေလေးနဲ့ စွဲမက်ချင်စရာ အလှတရားတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ နေရာဒေနဲ့ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့ ရွှေကစ်လေးကိုတော့ ပရိသတ်တွေအားလုံးက ဖက်ရှင်ဘုရင်မလေးလို့ တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

ရွှေကစ်လေးက ” Fashion Queen” ဆိုတဲ့ နာမည်လေးနဲ့လိုက်အောင် ဖက်ရှင်အမြင်ရှိသူလေး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာလည်း ရွှေကစ်က ဘယ်သူနဲ့မှမတူတဲ့ ပွဲတက်ဝတ်စုံလေးကို ဆင်မြန်းခဲ့ပါတယ်။ အခုလည်း ရွှေကစ်လေးက လူငယ်ဆန်ဆန် ဖက်ရှင်လေးနဲ့ စတိုင်ကျကျ လှပနေတာ တွေ့ရပါတယ်။

နိုင်ငံခြား မင်းသမီးလေးလို ဘိုဆန်ဆန်လေးလှနေတဲ့ ကစ်ရဲ့ဖက်ရှင် အပြင်အဆင်တွေကတော့ ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။ ရွှေကစ်ကတော့ ဒီကနေ့ “See you soon at SF Maha Chai,Bang Kapi,Bang Plee 🤗🤗🤗” ဆိုပြီးပုံလေးတွေပြောခဲ့ပါတယ်။

ပုံလေးတွေရဲ့နောက်ဆုံးမှာတော့ မင်းသားဒေါင်းနဲ့ နှစ်ယောက်အတူရိုက်ထားတဲ့ပုံလေးတင်ခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရွှေကစ်လေးရဲ့ အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ထင်မြင်ချက်လေးတွေပြောပေးခဲ့ကြပါဦးနော်။

Source: Wutt Hmone Shwe Yi