နေမင်း ဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက အောင်မြင်တဲ့သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ပရိသတ်အားပေးမှုလည်းရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ နေမင်းကိုနောက်ပိုင်းမှာ ဇာတ်ကားတွေအရင်ကလောက် သိပ်မတွေ့ရတော့ပေမယ့် အားပေးတဲ့ပရိသတ်တွေကတော့ ရှိနေဆဲပါပဲ။ နေမင်းက မကြာသေးမီက အင်တာဗျူးတစ်ခုမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေနဲ့ သူမှန်းထားခဲ့တဲ့ အကယ်ဒမီဆုတွေအကြောင်းပြောပြသွားပါတယ်။

နေမင်း ကလက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်း “အခုက ကားရိုက်တာရယ် အခြားစီးပွားရေးရယ် အဲ့လိုမျိုးပဲရှိတဲ့အခါကျတော့ ကိုယ့်ပရိသတ်တွေအတွက် ကိုယ်အားရင်ကားရိုက်တယ်။ နောက် အခုဆိုရင် ဘောလုံးအဖွဲ့ချုပ်နဲ့ပတ်သက်တာကတော့အပြင်ကကိစ္စပေါ့။ အားရင် volunteer အနေနဲ့ လူမှုရေးကိစ္စလေးတွေလိုက်လုပ်ဖြစ်တယ်။အဲ့လိုမျိုးပေါ့”လို့ ပြောပြထားပါတယ်။

နေမင်း ကသူမှန်းထားတဲ့အကယ်ဒမီဆုတွေကို “စသွားကတည်းက ကျွန်တော်က ကိုနေတိုးကိုအားပေးမယ်ဆိုပြီးသွားတာ။ ကိုသူထူးစံဆိုတော့လည်း ကိုယ့်အစ်ကိုပဲဆိုတော့ အဆင်ပြေတယ်။ တစ်ခုလေးပဲပေါ့။ ကျွန်တော် မုန်းစွဲကိုဇာတ်ကားဆုလေးရစေချင်တယ်။ မခရစ်စတီးနားကိုကျတော့ ဇာတ်ညွှန်းဆုလေးရစေချင်တယ်။ ကိုဏကြီးကိုကျတော့ costume ဆုလေးပေးမယ်လို့ ကျွန်တော့်စိတ်ထဲမှာထင်မိတယ်ပေါ့နော်”လို့ ပြောပြထားပါတယ်။

ဒါရိုက်တာ ဝိုင်း အကယ်ဒမီရသွားတဲ့အပေါ်မှာလည်းနေမင်းက “Dimensions ကကျတော့ နောက်ခံတေးဂီတဆုရသွားတယ်ဆိုတော့ တော်သေးတာပေါ့နော်။ ရှေ့နောက် မျှတယ်ပေါ့။ နောက်တော့မှ ကြေငြာလိုက်တဲ့အခါကျမှ ကိုဝိုင်းဆိုတော့ ..ကျွန်တော်တစ်ခုပြောချင်တာက ကျွန်တော်က ရွှေကြာရော မှော်ဝင်သမန်းကျားရော မကြည့်ထားဘူး။ မကြည့်ထားတဲ့အခါကျတော့ ကိုယ်က ကိုယ်ကြည့်ဖူးတဲ့ကားလေးကိုပဲ ဆန္ဒရှိမိတာကိုး။ ဆိုလိုတာက ကိုယ်မကြည့်ထားတဲ့ကားက အဲဒီထက်ပိုကောင်းချင်လည်းကောင်းမှာပေါ့။ လူကြီးတွေက ကိုယ့်ထက်ပိုသိတာကိုး”လို့ ဖာဖာထေးထေးလေးပြောထားပါတယ်

မုဒြာခေါ်သံနဲ့ “မီ”နဲ့ ကိုလည်း နေမင်းကဝေဖန်ထားပါသေးတယ်။ “မုဒြာခေါ်သံကိုဆိုရင်လည်းသွားကြည့်တော့ သြော်.. ဇာတ်ညွန်းလေးကောင်းတယ်ပေါ့။ ဒီလူနဲ့ချိတ်သွားတာရှိတယ်ပေါ့။ နောက်တစ်ခုကလည်း မီကျတော့လည်း ကိုဏကြီးပြင်ဆင်ထားတာ အဝတ်အစားအပြင်အဆင်မိုက်တယ်ပေါ့။ ကျွန်တော်နှစ်သက်မိတယ်။ ကြိုက်မိတယ်။ Dimensions ဆိုရင်လည်း နောက်ခံတေးဂီတပေးရင်ကောင်းမှာပဲလို့တွေးမိတယ်”လို့ ဝေဖန်ထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေမင်းနဲ့ထပ်တူကျကြလား။ ခရစ်စတီးနားခီကို ဇာတ်ညွန်းဆုရစေချင်တဲ့ နေမင်းကိုရော ဘာပြောချင်ကြလဲ။ နေမင်းရဲ့ရုပ်ရှင်တွေကိုရော ဆက်လက်အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit to original