အကယ်ဒမီမှာ ဆုမရရှိခဲ့ပေမယ့် Star Awards မှာ ဒါရိုက်တာ ဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒါရိုက်တာ ခရစ်စတီးနားခီ တစ်ယောက် ဆုရရှိပြီးတဲ့နောက် ဘယ်လို တိုက်ခိုက်မှုတွေကို ဆက်လက်ရင်ဆိုင်နေရလဲဆိုတာကို တူတူကြည့်ရအောင် ပြောချင်လွန်းလို့ပရိသတ်ကြီးရေ။

ဆုရရှိတဲ့ အပေါ်မှာတော့ ခရစ်စတီးနားခီက “ဒီဆုကိုလည်းကျမတို့ သွားနေတဲ့ လမ်းကြောင်းကိုပဲ မီးမောင်းထိုးပြလိုက်တယ်လို့ပဲ ထင်ပါတယ်။ အနုပညာတခုဟာ ခပ်မြန်မြန် လုပ်စရာမလိုပါဘူး။ အနုပညာ ဖန်တီးတဲ့နေရာမှာ စိတ်ရောကိုယ်ပါ သေသေချာချာဖန်တီးနိုင်တဲ့ စွမ်းအင်တွေ ထုတ်ပေးရတယ်ဆိုပြီးတော့ ကျမမြင်ပါတယ်။” လို့ ကျေးဇူးတင်စကားမှာ ထည့်ပြီးပြောသွားခဲ့တာပါ။

ပွဲပြီးတဲ့ နောက်ပိုင်းမှာပဲ ဦးမြတ်ခိုင်ရဲ့ အင်တာဗျူးကို ဇဏ်ခီက တုန့်ပြန်လိုက်တဲ့အပြင် ခရစ်စတီးနားခီကလည်း သူမရဲ့ အကောင့်ကနေ စတေ့တပ်လေးတစ်ခု ရေးသားခဲ့တာဖြစ်ပြီး အဲ့ဒီစာသားလေးကပဲ အားလုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပြန်ပါတယ်။ သူမ ရေးသားထားတာကတော့ “ဘဝမှာ အကြောက်ဆုံးက ရုပ်ရှင် ရိုက်ခွင့်မရမှာနဲ့ ရိုက်ထားတဲ့ ရုပ်ရှင်မပြရမှာကို….ဒီအကြောက်တရားဟာ ကိုယ့်ကိုယ်ကို ရှက်ရွံ့ လာရတဲ့အထိဖြစ်လာရပြီ…” ဆို ပြီး ရေးသားထားတာပါ။

ပရိသတ် အခိုင်အမာ ရရှိထားပြီး ကောင်းမွန်တဲ့ အနုပညာ ပြချက်တွေကို ချပြလေ့ ရှိတဲ့ သူတို့ ဇနီးမောင်နှံ နှစ်ဦးရဲ့ အသစ်အသစ်သော အနုပညာ ဖန်တီးမှုတွေကို စောင့်မျှော်အားပေးနေသူတွေလည်း များစွာ ရှိနေခဲ့ပါပြီ။ အဲ့ဒီလိုသာ ခရစ်စတီးနားခီ ကြောက်လန့်နေသလို သူတို့ ရုပ်ရှင် ရုံတင်ခွင့် မရတော့ရင် ရုပ်ရှင်ချစ်သူ ပရိသတ်တွေ အတွက်ကတော့ တကယ့်ကို နှမြောစရာ၊ ကိစ္စကြီး ဖြစ်လာမှာ အသေအချာပါပဲ။

သူမရဲ့ စတေ့တပ်အောက်မှာတော့ ခီမောင်နှံရဲ့ အမာခံ ပရိသတ်တွေက အားပေးစကားတွေ၊ စိတ်အားတက်စေမယ့် စကားတွေနဲ့ အမျိုးမျိုး အားပေးထားကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့ပြင် အဲ့ဒီ စတေ့တပ်အောက်မှာ မှတ်ချက်ဝင်ပေးခဲ့တဲ့ သူ တစ်ဦးက သူမအား Over Confident ဖြစ်နေတယ်လို့ ဝေဖန်ခဲ့တဲ့ အပေါ်မှာ တော့ ခရစ်စတီးနားခီက “ဘာဖြစ်နေတယ် ဘယ်လို ခံလာရတယ်ဆိုတာ အကုန်သိလားလို့ ” မေးခွန်းထုတ်လိုက်တာပါ။

ပြောချင်လွန်းလို့ ပရိသတ် တွေထဲမှာရော ခီမောင်နှံရဲ့ ရုပ်ရှင် အသစ်တွေကို စောင့်မျှော်နေတဲ့ သူတွေ ရှိလား။ Star Awards ပွဲမှာ ဘယ်လို ဖြစ်ရပ်တွေများ ခီမောင်နှံကြုံခဲ့ရလဲ။ ပရိသတ်တွေ မသိသေးတဲ့ ဘယ်လို တိုက်ခိုက်မှုတွေကို ဆက်လက်ရရင်ဆိုင်နေရလဲဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရုံပါပဲ။

Credit to original