ငယ်စဉ်ကတည်းက တီဗီကြော်ငြာတွေမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်တွေရဲ့ချစ်ခင်ခြင်းကိုရရှိထားခဲ့တဲ့ အိစိကွေးဟာဆိုရင် ယခုဆိုရင် ပရိတ်သတ်တွေရဲ့မျက်စိရှေ့မှာတင် လူပျိုပေါက်စလေးဖြစ်လာပြီး ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်နေပြီပဲဖြစ်ပါတယ်

သူဟာကလေးဘဝတည်းက ပရိတ်သတ်တွေရဲ့လက်ခံအားပေးခြင်းကိုခံခဲ့ရသူဖြစ်ပြီး လက်ရှိအချိန်ထိ ပရိတ်သတ်တွေချစ်ခင်ခြင်းကိုရရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အိစိကွေးက လက်ရှိမှာ ပညာရေးအတွက် ကြိုးစားနေရသလို သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အိစိက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လတ်တလောမှာ ပါဝင်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

အိစိကွေးကတော့ အခုတစ်ခေါက်မှာလည်း မိန်းကလေးလိုပုံစံလေးနဲ့ သူ့ရဲ့လူမှုကွန်ယက်မှာပရိသတ်တွေအတွက်မျှဝေထားတာပဲ ဖြစ်ပါတယ်

သူ့ရဲ့ပရိသိတ်များကလည်း မိန်းကလေးပုံစံလေးနဲ့ပိုချစ်ဖို့ကောင်းတယ်ဆိုပြီး မှတ်ချက်တွေပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် သူ့ရဲ့ပုံရိပ်လေးတွေတင်ဆက်ပေးလိုက်ပါတယ်နော်။

Credit to original